rss
twitter
    Find out what I'm doing, Follow Me :)

Pages

Monday, July 18, 2011

Bluetooth အကြောင်းမသိသေးရင်ဖြင့်

ကဲဒီတစ်ခေါက်တော့ အခုနောက်ဆုံးပေါ်နည်းပညာတွေထဲက Wireless နဲ့ ချိတ်ဆက်ပြီး Data တွေ၊ Information

တွေကိုအပြန်အလှန်ဆက်သွယ်လို့ရနိုင်တဲ့ နည်းပညာတစ်ခုခုနဲ့ မိတ်ဆက်ပေးမယ်နော်။ ဒါကတော့ Buletooth ဆိုတဲ့ Short

Range အကွာအဝေးကို Wireless ပုံစံကြိုးမဲ့ ဆက်သွယ်တဲ့နည်းပညာပဲဖြစ်ပါတယ်။ But... ဒါပေမယ့်နော် ၎င်းနည်းပညာက

Wide Area သဘောအသွင်မဆောင်ပဲ Personal Area Network ( PAN ) အတွင်းမှာပဲ အလုပ်လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

ဒါအပြင် ၎င်း Bluetooth Network ဟာ 2.45 GH2 ရှိတဲ့ Radio Frequency ကိုအသုံးပြုပြီးချိတ်ဆက်ကြပါတယ်။

နောက်ပြီး၎င်း ရဲ့အကွာအဝေးက တော့ပုံမှန်အားဖြင့် ၁၀ မီတာ ( ၃၂ ပေ ) အတွင်း မှာ အသုံးပြုနိုင်ပါတယ်။ ၎င်း Bluetooth

နည်းပညာနဲ့ သင်ဟာ ( PAN ) Network အတွင်း Laptop တွေ၊ Mobile Phones တွေ၊ Digital Camera တွေအပြင်

တစ်ခြားသော Printer အစရှိသည့်တို့ကိုလည်း Wired မပါပဲ Wireless နဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်။

အခုနောက်ပိုင်းမှာတော့ တော်တော် များများ Device တွေဟာ Bluetooth နည်းပညာကို Support လုပ်လာကြပါပြီ။

ဒါကြောင့်လည်း Bluetooth ပါဝင်တဲ့ Device တော်တော်များများဟာ Data တွေ Information တွေကို အလွယ်တကူ

ရယူနိုင်ပါပြီ ဒါပေမယ့်။ Bluetooth ရဲ့ရနိုင်တဲ့ အကွာအဝေးအနည်းငယ်ကြောင့်အနည်းငယ် အခက်အခဲလေးတော့ရှိ ပါလိမ့်မယ်။

No comments:

Post a Comment