နာမည်ကြီး စိတ်ဓာတ်လူံ့ဆော်ရေး ဆရာတစ်ယောက်က သူ့ရဲ့ပရိတ်သတ်ကို
ဖျော်ဖြေနေစဉ်မှာ ဖြစ်ပါတယ် .. ၊
" ကျွန်တော့် ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့
အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ် .. "
ပရိတ်သတ်များလည်း အံ့သြမှင်သက်စွာ တိတ်ဆိတ်သွားကြပါတယ် ..
တစ်ဖန် သူက ဆက်၍
" အဲဒီ အမျိုးသမီးကတော့ ကျွန်တော် မိခင်ပါပဲ "
လက်ခုပ်သံများနှင့် ရီမောသံများ မိုးလုံးညံခဲ့ပါတယ် ..
တစ်ပတ်ကြာပြီးနောက် အဲဒီဆရာရဲ့ သင်တန်းသား ထိပ်တန်းမန်နေဂျာ တစ်ယောက်ဟာ ဒီဟာသကို
သူ့အိမ်မှာ ပြန်ဖောက်သည်ချဖို့ ကြိုးစားပါတယ် ..
အဲဒီအချိန်က သူနည်းနည်း မူးနေခဲ့တယ် ..
သူ့အသံကိုမြှင့်ပြီး ညစာပြင်ဆင်ပေးနေတဲ့ သူ့မိန်းမကို အော်ပြောလိုက်တယ် ..
" ငါ့ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ငါ့မိန်းမ မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ် .. "
သူ့မိန်းမလည်း အံ့သြလွန်းလို့ ဘာမှမပြောနိုင်ဘဲ ဆွံအ သွားခဲ့ပါတယ် ..
သူလဲ သူ့ဟာသကိုဆက်ဖို့ စကားလုံးကို ကြိုးစားရှာဖွေပေမယ့် စက္ကန့် 20 လောက်ကြာတဲ့ အထိ စဉ်းစားမရခဲ့ဘူး ..
နောက်ဆုံး သူပြောလိုက်တာက
" အဲဒီ အမျိုးသမီး ဘယ်သူလဲ ငါမမှတ်မိတော့ဘူး "
သူ ပြန်သတိရလာတဲ့အခါ သူသိလိုက်တာက ရေနွေးပူလောင်တဲ့ ဒဏ်ရာကြောင့်
ဆေးရုံပေါ်က ကုတင်ပေါ်မှာ ရောက်နေတယ် ဆိုတာပါပဲ ..
Don't Copy if U can't Paste !!
( မပိုင်ဘူးထင်ရင် ခြင်မရိုက်ကြပါနဲ့တဲ့ )

No comments:
Post a Comment