သစ်ပင်စိုက်စို့ ညီထွေးရယ်
အရိပ်ရပါတယ်၊
အသီးစားမယ် ဆိုပါတော့
ချိုချဉ်စုံလှပေါ့၊
တောင်ကုန်းမော့မော့ မြေပြောင်ပြောင်
မိုးမရွာဘဲခေါင်၊
မိုးခေါင်တဲ့အခါ နေရှိန်ပြင်း
သောက်ရေသုံးရေကင်း၊
လယ်ယာမြေတွင်း ခြောက်ကာလေ
ပတ်ကြားအက်လို့နေ၊
တောကောင်လေးတွေ သေကြေကြ
အိုးအိမ်မဲ့နေရ၊
စိုက်ကြပျိုးကြ သစ်ပင်တွေ
နေရာအနှံ့လေ၊
မြေဆီလွှာကို ထိန်းသိမ်းမှ
သတ္တ၀ါတွေ ချမ်းသာကြ
ကမ္ဘာကြီးအေးမြ၊

No comments:
Post a Comment