လူတစ်ယောက်သည် ဟိုတယ်တစ်ခုတွင် Check-in ၀င်ပြီးသည့်နောက် သူနေရမည့်
အခန်းသို့ ၀င်သွားသည်။
အခန်းထဲတွင် ကွန်ပျူတာတစ်လုံးကို တွေ့သော အခါ
ဝမ်းသာအားရ သူ၏ ဇနီးသည် ထံသို့ email တစ်စောင် ပို့လိုက်သည်။
ဒါပေမယ့် email မှာ လိပ်စာမှားသွားသည်ကို သတိမထားမိလိုက်ချေ ။
မြို့တစ်မြို့၏ နေအိမ်တစ်ခုတွင် လင်ယောက်ျားဆုံးသွား သဖြင့် ပူဆွေးနေသော
မုဆိုးမ တစ်ယောက် email စစ်နေသည် ။
ခဏနေတော့ သူမ၏ သား အခန်းထဲ ၀င်လာရော
email ဖတ်ရင်း လဲကျနေသော သူ၏ မိခင်ကို တွေ့ရလေသည်။
အမေဖွင့်ထားသော email မှာ
သို့
အချစ်ကလေး
အကြောင်းအရာ ။ ကောင်းကောင်းမွန်မွန်ရောက်ရှိကြောင်း
နေ့စွဲ ။ ၅ သြဂုတ် ၂၀၀၉
အချစ်ကလေးရေ ။ မောင့်စာကို ဖတ်လိုက်ရလို့ အံ့သြသွားလား ။
သူတို့ မောင့်ကို ကွန်ပြူတာ ပေးသုံးပြီး ချစ်တဲ့သူတွေဆီ email ပို့ပေးတယ် ။
မောင်အခုပဲ ဒီကို ရောက်ပြီး Check-In လုပ်လိုက်တယ် ။
မနက်ဖြန်ရောက်လာမဲ့
အချစ်လေးအတွက် သူတို့ သေချာ ပြင်ဆင်ထားတာ တွေ့တယ်။
မနက်ဖြန်တွေ့ကြရအောင်နော် ...
ချစ်တဲ့
" မောင် "

No comments:
Post a Comment