မိမိ၏ မိန်းမ ဖောက်ပြန်နေသည်ဟု သံသယဝင်နေသော ယောက်ျားသည်
ခရီးသွားမည်ဟု မိန်းမကိုပြောပြီး ညဘက်တိတ်တိတ်လေးပြန်လာပြီး
အခန်းထဲတွင်ပြောသည့် စကားများကို အခန်းအပြင်မှ ခိုးနားထောင်နေသည်။
စကားသံတိုးတိုးလေးကို အတိုင်းသားကြားနေရသည် ။
'' တစောင်းလှဲလိုက် ၊ အင်း ဟိုဘက်နည်းနည်းရွှေ့ ၊ခြေထောက်ကိုအပေါ်ထောင်လိုက်
ဟုတ်ပြီ ရပြီ ရပြီ ၊ ကဲစဆွဲမယ် ''
ယောင်္ကျားဖြစ်သူ တွေဝေသွားသည် ၊ ဘာလုပ်ရမှန်း မသိချေ ။
အခန်းထဲ ၀င်မည်ဟု ဆုံးဖြတ်လိုက်ကာ အခန်းထဲသို့ဝင်လိုက်သည် ။
မိန်းမဖြစ်သူ တခေါခေါနှင့်အိပ်မောကျနေသည် ...
စန္ဒရားကြီးမရှိတော့ချေ ။

No comments:
Post a Comment