rss
twitter
    Find out what I'm doing, Follow Me :)

Pages

Monday, July 18, 2011

လူရိုင်း သားအဖ

တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့
အသားမရှိတော့တာနဲ့ မြို့အစွန်နားအထိ တက်လာကြတယ် ..
တွေ့တဲ့လူကို ဖမ်းခေါ်ပြီး ချက်စားဖို့ပေါ့ ၊ ဒီလိုနဲ့ လူအရိပ်အခြေစောင့်နေတုန်း
သူတို့နားကို မိန်းမ ပိန်ပိန်တစ်ယောက် ဖြတ်လာတယ် ။

သားက မေးလိုက်သည် ..
" အဖေ ၊ အဲဒီ မိန်းမကိုချက်စားရအောင် သွားဖမ်းမလား "
အဖေက " နေဦး ၊ မိန်းမက ပိန်လွန်းတယ် ၊ အရိုးကြီးပဲ ၊ စားလို့မကောင်းဘူး "

နောက် မိန်းမ၀၀ တစ်ယောက်ဖြတ်လာတော့ သားက မေးတယ် ။
" အဖေ ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ် ၊ သွားဖမ်းရအောင် " တဲ့ ။
အဖေကလည်း " ဒီတစ်ယောက်က ၀လွန်းတယ် ၊ ငါတို့စားလို့ကုန်မှာ မဟုတ်ဘူး " တဲ့ ။

ဒီလိုနဲ့ စောင့်ကြည့်နေရင်း ..
ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက် ဖြတ်လာတယ် ။

သားကလည်း " အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ ၊ ပိန်လည်းမပိန် ၊ ၀လည်းမ၀ဘူး ။ ဖမ်းသွားရအောင် " လို့မေးလိုက်တယ် ။
အဖေကလည်း " ဟုတ်တယ် ၊ ဒီတစ်ယောက်က အတော်ပဲ ၊ ဖမ်းသွားရအောင် ..
အိမ်ရောက်ရင် မင်းအမေကို ချက်စားကြတာပေါ့ သားရယ် " တဲ့ ....

No comments:

Post a Comment